mdn

ရန်ကုန်နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက် ၇ နာရီက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမ၊ ရန်ကုန်-ညောင်တုန်းလမ်းဆုံမှ တပင်ရွှေထီး လမ်း အကြား ရေနုတ်မြောင်း အရှည်ပေ (၁၃၀၀၀) တစ်လျှောက် အမှိုက်များ၊ မြောင်းချေးများ တူးဖော်ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရေနုတ် မြောင်း တစ်လျှောက် ဘေး ဝဲ/ယာမှ အမှိုက်နှင့်မြောင်းချေးများ သိမ်းဆည်းရှင်းလင်း၍ သန့်ရှင်းသာယာသပ်ရပ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေး ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေး၊ လုပ်ငန်းအမြန်ပြီးစီးရေး အတွက် စက်ယန္တရားနှင့် လုပ်သားအင်အား ဖြည့်တင်း ဆောင်ရွက်ရေးနှင့် ဆယ်ယူရှင်းလင်းပြီး သည့် ရေနုတ် မြောင်း ဝဲ/ယာတစ်လျှောက် စိမ်းလန်းစိုပြည်သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားရေး တို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ယခုဆောင်ရွက်နေသည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမ တစ်လျှောက် ရေနုတ်မြောင်းအား တူးဖော်ဆယ်ယူရှင်းလင်း၍ စိမ်းလန်း စိုပြည် သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်ပြီး ၎င်းမှ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာအထိ ဆက်လက်ဆောင်ရွက် လျက်ရှိသဖြင့်  ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် လမ်းတစ် လျှောက် ရေစီးရေလာကောင်းမွန်၍ သန့်ရှင်းသာယာသပ်ရပ်ပြီး မြို့ပြမြင်ကွင်းအား ယခင်ထက် ပိုမိုကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)