ရန်ကုန် ၁ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ  မီတာဖတ်ရှုရာတွင် မှန်ကန်စေရေးနှင့် ကိုဗစ်−၁၉  ရောဂါ ကူးစက်ဖြစ်ပွားမှုများ မရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ လမ်းညွှန်မှာကြားရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှမြင့်က ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု များပြားနေ၍ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ စာရေးဝန်ထမ်းများအနေဖြင့် တစ်အိမ်တက်ဆင်း မီတာဖတ်ရှုရာတွင် မှန်ကန်စေရေး ကိုဗစ်−၁၉ ရောဂါကူးစက်မှုမခံရစေရေး လက်အိတ်စွပ်ကြရန်၊  နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန်၊ face shied တပ်ဆင်ကြရန်နှင့် lock down ချထားသည့် ရပ်ကွက်နေရာများတွင် မီတာ ဖတ်ရှုရမည်ဆိုပါက  PPE ဝတ်စုံများကို ဝတ်ဆင်ပြီးမှ ကျန်းမာရေးအသိဖြင့် လိုက်နာဆောင်ရွက်ကြရန် မြို့နယ်လျှပ်စစ်မန်နေဂျာမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းနိုင်(ပြန်/ဆက်)