ရန်ကုန် ဧပြီ ၅

 

ရန်ကုန်တိုင်း‌ဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဝိသာခါဖောင်ဒေးရှင်းမှ ဦးဆောင်၍ ရဟန်းရှင်လူ ပြည်သူအများ စုပေါင်းလှူဒါန်းသော ကျပ်သိန်း သုံးထောင်တန်ဖိုးရှိ Oxygen plant ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို ဧပြီ ၄ ရက် နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

 

ဦးစွာ ဝိသာခါဖောင်ဒေးရှင်း နာယက ဒေါက်တာ ဝင်းမင်းသစ် က အမှာစကားပြောကြားပြီး ဒေါက်တာ စုလှဟန်က Liquid Oxygen teit လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြား သည်။ ထို့နောက် အထူးကု ဆရာဝန်ကြီး(ဆေးပညာ) ဒေါက်တာ ရဲကျော်စီက ကျေးဇူးတင်စကား ပြောကြားပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ရူပါစိုးက လှူဒါန်းသော ငွေကျပ် သိန်းသုံးထောင် တန်ဖိုးရှိ Oxygen plant ဂုဏ်ပြုမှတ်တမ်းလွှာကို ဝိသာခါ ဖောင်ဒေးရှင်း အလှူရှင်များအား ပေးအပ်သည်။

 

အဆိုပါ အခမ်းအနားသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ဆေးရုံရှိ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြု ဆရာ ဆရာမများ၊ ဝိသာခါဖောင်ဒေးရှင်းမှ အလှူရှင်များနှင့် တာဝန်ရှိသူများက Oxygen plant ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)