ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် နံနက် နာရီတွင် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား(၃၃၀)ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ()ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း သစ်ပင်ချုံနွယ်များ ခုတ်ထွင်းရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ခုတ်ထွင်း ရှင်းလင်းပုံသွင်း နေမှု၊ မြေယာရှုခင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယနေ့ နံနက် နာရီတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံ ကျေးရွာ၊ ဆိပ်ကမ်းသာလမ်း၌ ကပြို ရေတံခါး ရေစီးရေလာ ကောင်းမွန် စေရေးအတွက် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ တာဝန်ယူဆောင်ရွက်နေသော ( ဒသမ )တန် Amphibious Excavator ဖြင့် ပိန်းပင်များ၊ မှော်၊ ဒိုက်များ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး၊ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ မြေဧရိယာ ၁၂ ဒသမ ၂၅၈ ဧကတွင် အကောင်ထည်ဖော် ဆောင်ရွက်နေသည့် လှိုင်သာယာ (အနောက် ပိုင်း) မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း Retaining Wall နှင့် Precast Drain ဆောက်လုပ်ရန် ရေစုပ်ထုတ် နေမှု၊ အင်ဂျင်နီ ယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရေဂါလံ ()သိန်းဆန့် Ground Tank တည်ဆောက်ရန် မြေပြုပြင်နေမှုနှင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ စီမံကိန်း မြေနေရာအတွင်း ပိုင်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း။

ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနမှ ဆောင်ရွက်နေသော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း မကြီးပေါ်ရှိ ဘုရင့်နောင် ပန်းခြံ၌ အရှည်ပေ ၁၃၄၆ ပေ၊ အကျယ် ပေရှိ ပန်းခြံပတ် Interlock လမ်းနှင့် အရှည်ပေ ၄၁ပေ၊ အကျယ် ၂၄ ပေရှိ ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှေ့ လျှောက်လမ်း ကွန်ကရိခင်းကျင်းနေမှု၊ မြက်စိုက်ပျိုး၍မြေယာရှုခင်း ပြုပြင်ဆောင်ရွက်နေမှု၊ မီးတိုင်စင်နှင့် ရေငုတ်တိုင်များ ပြုလုပ်ဆောင်ရွက်နေမှုနှင့် အားကစားလေ့ကျင့်ရေး ကိရိယာများ တပ်ဆင်ထားရှိမှုတို့ကိုလည်းကောင်း။

ဘုရင့်နောင်ပန်းခြံဘေးတွင် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဆောင်ရွက် နေသော လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များသို့ ရေပေးဝေမည့် ရေပေးဝေရေးဇုန်() ရေစုကန် Service Reservoir တည်ဆောက်ခြင်း အကြိုမြေပြင် လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း။

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း၊ MCC ခန်းမဝင်းအတွင်း ကိုဗစ်-၁၉ Quarantine Center ဖွင့်လှစ်ရန် Shine Construction Co., မှ တာဝန်ယူတည်ဆောက်ထားသော အလျား ၁၁၅ ပေ၊ အနံ ပေ ၄၀ အကျယ်အဝန်းရှိ အဆောင်()ဆောင် တည်ဆောက်ပြီးစီးမှု၊ Monitoring Room ပြင်ဆင်ထားရှိမှု၊ အဆောင်() ဆောင်လျှင် လူ(၆၀) ထားရှိနိုင်ရန် ခင်းကျင်းပြီးစီးမှု နှင့် ရေချိုးခန်း၊ အိမ်သာများ ပြင်ဆင်ထားရှိမှု တို့ကိုလည်းကောင်း၊ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)