နေပြည်တော်၊ ဇန်နဝါရီ ၁၅  

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲတွင်  လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် () ရပ်ကွက်၊ နီလာ လက်ဖက်ရည်ဆိုင် အနီးတွင် ရဲကျော် () ရဲကျော်သူ ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၆နာရီ ၄၅ မိနစ်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်()ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ထို့နေ့ နံနက် ၁၀ နာရီခွဲတွင် မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအုပ်စု၊ အုန်းကြော (ရွာသစ်) ကျေးရွာ အထွက်ရှိ သုသာန်အနီးတွင် မိုးမိတ်မြို့မှ မဘိမ်းမြို့ဘက်သို့ ဇော်ရိန် () ဇောင်လီ မောင်းနှင်ပြီး အောင်ထွန်း () မာနော် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ကိုသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား