လှိုင်သာယာ   ၂၀   မေ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်း၌ (ခ)အဆင့် အားကစားရုံဆောက်လုပ်ရန် ပန္နက်ရိုက်ခြင်းကို ယမန့်နေ့ မွန်းတည့်ချိန်က  လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းတွင် (ခ)အဆင့် အားကစားရုံ (၁၂၀ x ၆၀)ပေ Steel Structure Building ဆောက်လုပ်ရန် ပန္နရိုက်ခြင်းဖြစ်ကြောင်း အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှသိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)