လှိုင်သာယာ ၂၂ ဒီဇင်ဘာ

လှိုင်သာယာမြို့နယ် စည်ပင်သာယာမှ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၁ ရက်က စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ကုလားကြီးစုကျေးရွာ ရေနုတ်မြောင်းမကြီးအား အမှိုက်၊ ဒိုက်ပင်များရှင်းလင်းကာ စက်ယန္တရားများဖြင့် မြေသားများဆယ်တင်ခြင်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းခွင်များသို့ မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မောင်မောင်တာ