လှိုင်သာယာ ၁၄ မေ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီသို့ လက်သန့်ဆေးရည် (၂၅)ပါကင်အား ယနေ့ မွန်းလွဲ ၂ နာရီက လှိုင်သာယာမြို့နယ် အမှတ်(၂)ရပ်ကွက်နေ ဦးနိုင်ဝင်းဆွေ မိသားစုမှ လာရောက်လှူဒါန်းသည်။
အဆိုပါ လာရောက်လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူတို့က လှိုင်သာယာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား လက်ခံရယူခဲ့ပြီး အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြလွှာ ပေးအပ်သည်။ လှိုင်သာယာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊
မြသန္တာဝင်း(ပြန်/ဆက်)


