လှိုင်သာယာမြို့နယ်၊ သာယာဝတီ၊ မြေပုံနှင့် ဘားအံမြို့နယ်များတွင်  တရားမဝင် သစ်များဖမ်းဆီးရမိ

နေပြည်တော် ၈ မတ် 
    

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်း၊ အမှတ်(၁၃၉) ခြံဝန်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ ကျွန်း/ပိတောက်ခွဲသား (၅၆၉)ချောင်း (၇၇ ဒသမ ၈၂၀၄)တန်နှင့် မော်တော်ယာဉ် (၃)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    

ထို့အတူ သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သာယာဝတီတိုးဂိတ်နေရာတွင် ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်အား ပိတ်ဆို့ရှာဖွေဖမ်းဆီးရေး ဆောင်ရွက်ရာ သုံးဆယ်မြို့၊ အလယ်ကုန်း ကျေးရွာတွင်းလမ်းဘေးတွင် တရားမဝင်ကျွန်းတံခါး (၈၀)ချပ် (၁ ဒသမ ၇၆၆၆) တန်နှင့် တံခါးဆံတံခါးဘောင်(ဝ ဒသမ ၁၇၁၆)တန် စုစုပေါင်း (၁ ဒသမ ၉၃၈၅)တန် အားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ညွှန်ကြားချက်ဖြင့် မြေပုံမြို့နယ်၊ သစ်တောဝန်ထမ်းများအဖွဲ့သည် နယ်မြေရှင်းလင်း ခြင်းဆောင်ရွက်ရာ မတ် ၇ ရက်တွင် စက်လှေ(၁)စီး တရားခံ(၅)ဦးနှင့်အတူ သင်ပုန်းခွဲသားဒုကြီးဆိုဒ်စုံ ခန့်မှန်း(၁၀ဝ)ချောင်းခန့် (ခန့်မှန်း ၂၀ တန်အား)လည်းကောင်း၊ ယင်းနေ့တွင် ပင်ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဇာသပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်မောင်း စောစိုးနိုင်(ခ)စောစီတူ မောင်းနှင်လာသော ယာဉ်အား စစ်ဆေးရာ ကျွန်းခွဲသား ၂၄၈ ချောင်း၊ ၁ ဒသမ ၇၅၄၄ တန်အား ဖမ်းဆီးရမိခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာန မှသိရသည်။ 


မောင်လူမော်

 

1