ရန်ကုန် ဖေဖော်ဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများလိုက်ပါ၍ ယနေ့နံနက် ၉ နာရီက လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အကြား၊ တောင်ကြားချောင်းနှင့် ရန်ကုန်-ပုသိမ် လမ်းမကြီးဆုံရာ ရေစုကန်ရေ မြောင်းအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ Excavator ယန္တရားယဉ်ဖြင့် ရေလမ်းကြောင်း ပြန်လည်တူးဖော်နေမှုနှင့် ကားလမ်းမ လမ်းပုခုံးသားမြေဖို့ပြုပြင်နေမှုကို လည်းကောင်း၊ ဆက်လက်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ပီမိုးနှင်းလမ်းပေါ်ရှိ မြေကွက်လပ်တွင် အားကစားကွင်း ပြုလုပ်ရန် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကွင်းပတ်လည် ရေမြောင်းများ ဆယ်ယူရှင်းလင်းရန်နှင့် ကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်