ရန်ကုန် ၃၀ မေ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲ (လှိုင်သာယာ) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် Myanmar Full Win Co.,Ltd မှ အာမခံအလုပ်သမား (၅၀၀)အား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေးကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို မေ ၂၈ ရက် မွန်းလွဲ ၁ နာရီက ပထမဦးဆုံး စတင်ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံပိတ်ထားတဲ့ ကာလအတွင်း အာမခံအလုပ်သမားများ လစာရဲ့ (၄၀) ရာခိုင်နှုန်းကို ပထမဦးဆုံးပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိ အခြားစက်ရုံတွေလည်း တင်ပြထားပြီးပါပြီ၊ ခွင့်ပြုမိန့်ရရှိရင် ဆက်လက်ပေးအပ်သွားမှာပါ” ဟု ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲတာဝန်ခံ ဒေါ်သန်းသန်းဆင့်က ပြောသည်။
အဆိုပါ လူမှုဖူလုံရေးအကျိုးခံစားခွင့် ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲ (လှိုင်သာယာ) မှ အာမခံအလုပ်သမား ၅၀၀ ကိုယ်စား လူမှုဖူလုံရေး ကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း စုစုပေါင်း ကျပ် ၄၇၂၅၄၄၀၀၀ အား ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲတာဝန်ခံ ဒေါ်သန်းသန်းဆင့်က ပေးအပ်ရာ Myanmar Full Win Co., Ltd စက်ရုံတာဝန်ခံ ဒေါ်မိုးမိုးမြင့်ခိုင်မှ လာရောက်လက်ခံရယူခဲ့ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


