လှိုင်သာယာ ၄ မေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မိုးရာသီတွင် ရေကြီး၊ ရေလျှံမှု မရှိစေရေးအတွက် အဓိကကျသော ရေမြောင်းများမှစတင်၍ စနစ်တကျတူးဖော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေမြောင်းတူးဖော်ခြင်း ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က အဓိကကျသော ညောင်တုန်းလမ်းဘေးတလျောက်ရှိ ရေမြောင်းများ တူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)