ရန်ကုန် ၂၀ ဖေဖော်ဝါရီ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာဖတ်ဝါသနာပါသူများ လက်ဝယ်အရောက် စာအုပ်များ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လှိုင်သာယာမြို့နယ်၌ ရွေ့လျားစာကြည့် တိုက်ယာဉ်ဖြင့် သုတ၊ ရသစသည့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀) နာရီက ငှားရမ်းပေးခဲ့သည်။
ငှားရမ်းရာတွင် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျာမင်း ဘုန်းတော်ကြီးပညာသင်ကျောင်းသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သွားရောက်၍ သုတ၊ ရသ စသည့် စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ပြီး အသင်းဝင်အသစ်များအား ကတ်များပြုလုပ်ခဲ့ရာ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ ဌာနဆိုင်ရာ၊ ကျောင်း၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များသို့ နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်ဦးလျှင်(၂)အုပ်နှုန်း အခမဲ့ ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


