လှိုင်သာယာ  ၇  ဇန်နဝါရီ  


                          
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၁၃)ရပ်ကွက်နှင့် အမှတ်(၁၉)ရပ်ကွက်ရှိ မသန်စွမ်းသူများအား နိုင်ငံတော်က ထောက်ပံ့ငွေများကို ဇန်နဝါရီ ၆ ရက်က ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။ 

 

mdn

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗို၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) ဦးမြတ်မင်းသူ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ရပ်ကွက် အုပ်ချုပ်ရေးမှူးများ မြို့နယ် မသန်စွမ်းသူများအသင်းနှင့် မသန်စွမ်းသူများ တက်ရောက်ကြသည်။ 

 

mdn

 

အဆိုပါ ထောက်ပံ့ငွေများကို တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

MDN