လှိုင်သာယာညောင်ကျေးရွာ မီးလောင်မှု ဓာတ်ဆီရောင်းသောဆိုုင် ဝရိန်တို့ရာမှဖြစ်ပွားပြီး ဓာတ်အားလိုင်းကြိုးများနှင့် လူနေအိမ် ၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့

ရန်ကုန် ၁၀ မတ်

 


မတ် ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု ပန်းလှိုင်ဂေါက်ကွင်းအနီး မီးလောင်မှုမှာ ဓာတ်ဆီရောင်းသောဆိုုင် ဝရိန်တို့ရာမှဖြစ်ပွားပြီး ဓာတ်အားလိုင်းကြိုးများနှင့် လူနေအိမ် ၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

 

aa

 

အဆိုပါမီးလောင်မှုကို Level 3 အထိ သတ်မှတ်ကာ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၃၄)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ညနေ ၅ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၆ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 


မီးလောင်မှုကြောင့် အမှတ်(၅)ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ဖြိုးကိုကိုလွင် (၁၈)နှစ် (ဘ)ဦးသန်းလွင် ရေစို၍ ခန္ဓာကိုယ်တောင့်တင်းပြီး အအေးပတ်ခြင်း(မစိ်ုးရိမ်ရ)နှင့် မောင်အောင်ကို (၁၈)နှစ် (ဘ)ဦးအောင်၊ မောင်အောင်မင်းဇော် (၃၂)နှစ် (ဘ)ဦးစိန်မန်းတို့ ဒဏ်ရာများရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။

 


ကနောင် - ကွမ်းခြံကုန်း ဓာတ်အားလိုင်း ၃၃ ကေဗွီ ကနောင် - ခနောင်တို ၃၃ ကေဗွီလိုင်းကြိုး ပြတ်ကျသဖြင့် ခရိုင်စုပေါင်းအဖွဲ့နှင့် ဓာတ်အားအမြန် ပြန်လည်ရရှိရေး ပြုပြင်ဆောင်ရွက်လျက်ရှိပြီး မီးဘေးသင့် အိမ်ထောင်စုများကို ညောင်ကျေးရွာရှိ မင်္ဂလာတိုက် ဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီထောက်ပံ့ပေးလျက်ရှိသည်။ 

 

d

 

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိကာ မီးဘေးသင့်ပြည်သူတို့အတွက် လိုအပ်သည်များကို ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားခဲ့သည်။

 


သတင်း- (၁၆၄)၊ မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ-သစ္စာ၊ မျိုးကြီး