လှိုင်သာယာ ၂  ဒီဇင်ဘာ 

လှိုင်သာယာတွင် (၂၀၁၉) အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခမ်းအနားကို ဒီဇင်ဘာ(၂) ရက်နေ့က အမှတ်(၁၈)ရပ်ကွက် ရွှေရင်အေးစျေးအားကစားကွင်းတွင် ကျင်းပခဲ့သည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မသန်စွမ်းသူများအသင်း ဥက္ကဌက ကျေးဇူးတင်စကားပြောကြားသည်။ မသန်စွမ်းသူများအသင်း အဖွဲ့များသို့ ကူညီသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပြီး မသန်စွမ်းသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် မသန်စွမ်းသူများယှဥ်ပြိုင်ကြသော ဂိမ်းကစား ပြိုင်ပွဲများနှင့် ပျှော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အား ပြည် မသန်စွမ်းသူများအခွင့်အရေးနှင့် ရပိုင်ခွင့် တာဝန်များအား ပြည်သူလူထုအတွင်း ကျယ်ပြန့်ပြန့်သိရှိရေးနှင့် လူတိုင်းမသန်စွမ်း ဖြစ်သွားနိုင်သည့်အတွက် မသန်စွမ်းသူများအား ကိုယ်ချင်းစာ နားလည်လက်ခံပြီး အခွင့်အရေးနှင့် တာဝန်များအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မောင်မောင်တာ