လှိုင်သာယာ  ၁၆  ဒီဇင်ဘာ


လှိုင်သာယာမြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူသွားရန်အတွက် နေရာအား တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။


ဗိုလ်ချုပ်ကြေးရုပ်အား လှိုင်သာယာ BOC မှတ်တိုင်အနီး ဘုရင့်နောင်ပန်းခြံတွင် ထားရှိသွားမည်ဖြစ်ပြီး ထားရှိမည့်မြေ နေရာကြည့်ရှု့ကာမြေပုံညွှန်းနှင့်အညီဆောင်ရွက်မည့် အစီအစဥ်များအား ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ဦးသန်းစိုး၊ စည်ပင်သာယာတာဝန်ရှိသူများ၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးလှဝင်း၊ဒုတိယဥက္ကဌ ဦးမြတ်ဝေတိုး၊ အတွင်းရေးမှူး ဦးအောင်ဖုန်းမြတ်တို့ ပူးပေါင်း ကွင်းဆင်းခဲ့ကြောင်းသိရသည်။


မောင်မောင်တာ