လှိုင်သာယာ ၄ ဇူလိုင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာရှုခင်းနှင့် အားကစားကွင်းများလုပ်ငန်း ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲကို လှိုင်သာယာမြို့နယ် ရန်ကုန် - ညောင်တုန်းလမ်း၌ ဇူလိုင် ၃ ရက်က ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးမှုအား ရန်ကုန်-ညောင်တုန်း လမ်းမကြီးဘေးတစ်လျှောက် အပင်ပေါင်း ၄၀ဝ၀ ကျော်စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာကော်မတီဝင်များ၊ မြေယာရှုခင်းနှင့်အားကစားကွင်းများလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကိုနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။ မိုးရာသီစိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများ သစ်ပင် သစ်တောများစိုက်ပျိုး ထိန်းသိမ်းနိုင်စေရေးအတွက် မြို့နယ်အတွင် အသင်းအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ်ပြန်ဆက်မှ သိရသည်။
MDN


