ရန်ကုန် ၁ မတ်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၁၆) ရပ်ကွက်ရှိ ဒေါ်မြင့်မိသားစုမှ ရပ်ကွက်အတွင်း လမ်းအလိုက် မီးသတ်ဆေးဘူးများထားရှိရန်အတွက် ယမန်နေ့ ညနေ ၄ နာရီက မီးသတ်ဆေးဘူးအလုံး (၅၀)နှင့် မီးသတ်ဆေးဘူးထားရန် စင်များကို တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၊ လှိုင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် အမှတ်(၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်တို့ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
သန္တာမေ ( ပြန်/ဆက်)


