လိုင်ယွန်ပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူအား ဖမ်းဆီး

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း လိုင်ယွန်မြို့တွင် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ဆက်စပ်သည့် သံသယဖြစ်ဖွယ်ရာ အသက်၂၄နှစ်အရွယ် အယ်ဂျီးယားအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့သည်။

သောကြာနေ့က  လိုင်ယွန်မြို့တော်အလယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် စက္ကူလက်ဆွဲအိတ်တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုမတိုင်မီ အခင်းဖြစ်ပွားရာနေရာမှ သံသယဖြစ်ဖွယ်ရာ လူတစ်ဦးသည် ဆိုင်ကယ်ပေါ်မှ ဆင်းသွားသည့်ပုံများကို အနီးအနားရှိ လုံခြုံရေးကင်မရာမှ ဖော်ပြခဲ့သည်။

 

mdn

 

ပြည်ထဲရေးဝန်ကြီး ခရစ်စတိုဖာ ကန်စတန်နာက သံသယဖြစ်ဖွယ်ရာလူကို ဖမ်းဆီးမိခဲ့ကြောင်း တနင်္လာနေ့က တွစ်တာတွင် ဖော်ပြထားသည်။ 

သံသယဖြစ်ဖွယ်ရာအမျိုးသားသည် အိုင်တီကျောင်းသားတစ်ဦးဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။ သံသယရှိသူ၏ မိဘများနှင့် အစ်ကိုတို့ကိုလည်း ထိန်းသိမ်းခဲ့သည်။

အကြမ်းဖက်လုပ်ရပ်ကို ရည်ရွယ်ချက်ကြီးဖြင့် ကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က သံသယရှိနေသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်