၂၅  အောက်တိုဘာ 

 

 အဆိုတော်အဖြစ်နှင့်သာမက သရုပ်ဆောင်တစ်ဦးအနေနှင့်ပါ တွေ့လာရသည့် လူငယ်အဆိုတော်  ရဲရင့် အောင်အနေဖြင့်  "လျှို့ဝှက်စာမျက်နှာ" ရုပ်ရှင်ဇာတ်ကားသည်  သူ၏ ဒုတိယအကြိမ် ရိုက်ကူးသော ဇာတ်ကား တစ်ကားဖြစ်ပြီး ပထမဆုံးအကြိမ်က " ငါကိုနမ်းတဲ့ မုန်တိုင်း "ဟု သိရသည်။ 

 

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာအောင်ဇော်လင်း ပုံဖော်ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင် မော်ဒယ်ခါရာ ၊ သင်ဇာဝင့်ကျော် တို့ နှင့် အတူ သရုပ်ဆောင်သွားမည်ဟုသိရသည် ။  "ငါ့ကို နမ်းတဲ့ မုန်တိုင်း" တုန်းကတော့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ့နော် အခုဒီကားကတော့  " လျို့ဝှက်စာမျက်နှာ"ဆိုတဲ့ အတိုင်း လျှို့ဝှက်စွာနဲ့ပဲ ရိုက်ကူးချင်လို့ပါ ဇာတ်လမ်းကတော့ ပြောလို့မရသေးဘူးဗျ ၊ကျွန်တော် နဲ့ ခါရာက ဒီကားမှာ နည်းနည်း လူကောင်ကအရမ်းကွာတယ် ၊ ဒါပေမယ့် ကျွန်တော် နဲ့ ခါရာက ထိပ်တိုက်တွေ့ရမယ့်အခန်းတွေကနည်းတယ် ဒီဇာတ်ကားကို လက်ခံဖြစ်တာကလည်း ၊ကျွန်တော်အတွက် နည်းနည်း အကျပ်ရိုက်စေမယ့် အခန်းတွေပါတယ် ၊ အရမ်းကြီးမားတာမျိုးမဟုတ်ပေမယ့် ကျွန်တော်အတွက် ခက်တဲ့ဟာလေးမို့ စိတ်ဝင်စားလို့လက်ခံဖြစ်တာပါ ၊ ပထမဆုံး " ငါ့ကို နမ်းတဲ့  မုန်တိုင်း" လောက်တော့ မခက်ဘူးဗျ ၊အဲ့တုန်းကဆို ခက်တာက ကျွန်တော်က တစ်ခါမှာ  ချစ်သူ ကောင်မလေး နဲ့ ကြည့်နူးတဲ့ ဇာတ်ဝင်ခန်း မျိုးမရိုက်ဖူးတာကို ရိုက်ရတာပဲ  ၊ အခု ကားကတော့ ပထမကားလောက် ချစ်ခန်းမပါဘူး ချစ်ခန်း တွေပါလာတယ်၊ကြည်နူးရမယ့်ဟာမျိုးဆို ၊ ပြောရမယ့် စကားတွေကို တွေးတွေးပြီးတော့ကို ကျွန်တော် ရှက်စိတ် က ဝင်လာတာပါ ၊အခုဒီဇာတ်ကလည်း ဇာတ်လမ်းထဲမှာ ကျွန်တော်ရယ် ၊ခါရာ၊သင်ဇာဝင့်ကျော် ရယ်သုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊“လျှို့ဝှက်စာမျက်နှာ” ဆိုတဲ့အတိုင်း  ဇာတ်လမ်း အကျဉ်းကိုတော့ လက်ရှိအချိန်မှာ လျှို့ဝှက်ထားချင်လို့ပါ ၊ အချစ်ရိုမန့်ဆန်ဆန်ရိုက်ကူးသွားမယ့် ဇာတ်ကား လေးတစ်ကားပါပဲ " ဟု  အဆိုတော် ရဲရင့်အောင်က ပြောဆိုသည်။

 

 ရဲရင့်အောင် အနေဖြင့် မကြာခင်က ရုံတင်ပြသခဲ့ပြီး ပရိသတ်လက်ခံအားပေးမှု များစွာရရှိခဲ့သည့် " ငါ့ကိုနမ်းတဲ့ မုန်တိုင်း" ရုပ်ရှင်ကားတွင်လည်း အကောင်းဆုံးပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး ယခု "လျှို့ဝှက် စာမျက်နှာ" ဇာတ်လမ်းတွင် မည့်ကဲ့သို့ ကာရိုက်တာနှင့် မြင်တွေရဦးမည်ဆိုတာကို ပရိသတ်အတွက် လျှို့ဝှက် ထားကြောင်းသိရပြီး အောက်တိုဘာလမကုန်ခင် စတင်ရိုက်ကူးမှုများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

 

ကိုလင်း