အောက်တိုဘာ ၉

လက်ဘနွန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၃၆ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ညပိုင်းက ဖော်ပြထားသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ဘီကာဒေသတွင် ခြောက်ဦးသေဆုံးပြီး အခြားရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး Nabatieh အုပ်ချုပ်ရေးရုံးတွင် သေဆုံးသူ ၃၀ ရှိပြီး ၁၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ Mount လက်ဘနွန်ဒေသတွင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ရှိပြီး ဘယ်လ်ဘတ်ခ်ဟာမယ်ခရိုင်တွင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ထပ်လောင်း ပြောသည်။

အစ္စရေး၏တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံတွင် သေဆုံးသူပေါင်း ၂၁၀၀ ကျော်ရှိလာပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၀၀၀၀ ကျော်ရှိလာကြောင်း လက်ဘနွန်အာဏာပိုင်များက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို