ဂျေရုဆလင်   ဇွန်   ၂၁

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပြီးသော်လည်း လက်ဘနွန်နိုင်ငံတောင်ပိုင်း  လုံခြုံရေးဇုန်များမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာမည်မဟုတ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်က ဇွန် ၂၁ ရက်တွင် ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့များကို မူလတပ်စွဲထားသည့်နေရာများတွင် ထားရှိသွားမည်ဖြစ်ပြီး အစ္စရေးအခြေချသူများကို ကာကွယ်မည်ဟု ၎င်းက ပြောကြားသည်။ ရန်သူများကို တိုက်ခိုက်ရေးအတွက် လက်ဘနွန်နိုင်ငံရှိ အစ္စရေးတပ်ဖွဲ့ဝင်များကို ဆောင်ရွက်ခွင့်ပေးမည်ဟု ၎င်းကပြောကြားသည်။ အစ္စရေးတပ်ဖွဲ့ဝင်များက ဟဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက တုံ့ပြန်တိုက်ခိုက်ခဲ့ရာတွင် ဟဇ်ဘိုလာစစ်သွေးကြွများသေဆုံးပြီး အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံသားများကို ကာကွယ်ရန်အတွက်  မိမိတို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ