ပြည် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့နယ် ငါးရွာကျေးရွာ အုပ်စု တောင်သူ ဦးဖိုးဝ၏ လယ်မြေ ၁၀ ဧကတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံ၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လယ်ယာ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်သည့်အပြင် ကောက်ကွက် ပြည့်မီခြင်း၊ ကောက်ပင်များ ထိခိုက်မှုမရှိခြင်းနှင့် ပင်ပွား ပွားစီးမှုပိုမိုကောင်းမွန်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေမည်ဖြစ်ကြောင်း တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


