ဝါရှင်တန် မေ ၄
အမေရိကန် အာကာသအေဂျင်စီနာဆာသည် အမေရိကန်ဦးဆောင်သည့် လကမ္ဘာစူးစမ်းရေး နိုင်ငံတကာအစီအစဉ်အရ ဒုံးပျံများနှင့် အာကာသယာဉ်များ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
၎င်းအစီအစဉ်အစား အကျိုးအမြတ်ရရှိမည့် အာကာသဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်မည်ဟု သိရသည်။ ယခုကြေညာချက်သည် အမေရိကန်သမ္မတ ထရမ့်၏ ၂၀၂၆ ခုနှစ်အတွက် အာကာသဆိုင်ရာ ဘတ်ဂျက်အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ထွက်လာခြင်းဖြစ်သည်။
၎င်းဘတ်ဂျက်တွင် လာမည့်နှစ်အတွက် အာကာသဆိုင်ရာ ဘတ်ဂျက်အတွက် သုံးစွဲမည့်ငွေမှ ကန်ဒေါ်လာ ခြောက်ဘီလီယံကို လျှော့ချရန် စီစဉ်ထားသည်။
ထို့ပြင် နိုင်ငံတကာအာကာသ စခန်းတွင်ဆောင်ရွက်မည့် အာကာသဆိုင်ရာ လေ့လာမှုလုပ်ငန်းများကိုလည်း လျှော့ချမည်ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ