၁၀ ဇူလိုင်
အဆင့်မြင့်နည်းပညာများ တိုးတက်လျက်ရှိသည့် နိုင်ငံငယ်တစ်ခု၏ ဂုဏ်သတင်းကျော်ဇောမှုနှင့်အတူ အစ္စရေးနိုင်ငံက ၎င်းတို့၏ ပထမဆုံး အာကာသခရီးစဉ်အဖြစ် လကမ္ဘာသို့ ဆင်းသက်မည့် အာကာသယာဉ်အား ဒီဇင်ဘာလတွင် လွှတ်တင်မည်ဖြစ်ကြောင်း အင်္ဂါနေ့က အတည်ပြုကြေညာလိုက်ပါတယ်။
ကြိုတင်စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဆိုပါက ၅၈၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အဆိုပါ မောင်းသူမဲ့ အာကာသယာဉ်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ လကမ္ဘာပေါ်ကို ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။ အကာသယာဉ်ကို အီလွန်မာ့စ် ပိုင်ဆိုင်တဲ့ အမေရိကန် ပုဂ္ဂလိက အာကာသကုမ္ပဏီ Space X မှ ဒုံးပျံနဲ့ ပစ်လွှတ်ဖို့ စီစဉ်ထားပြီး လကမ္ဘာပေါ်က လျှပ်စစ်သံလိုက်စက်ကွင်းများကို လေ့လာသွားမယ်လို့ သိရပါတယ်။
အဲဒီ အာကသာခရီးစဉ်ဟာ အစ္စရေးနိ်ုင်ငံရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်သလို လကမ္ဘာပေါ်မှာ အစ္စရေးအလံကို စိုက်ထူသွားမှာဖြစ်ကြောင်း အာကသာခရီးစဉ် ဖြစ်မြောက်ရေး အဖွဲ့က ပြောပါတယ်။
စိုးမိုးဇော် (MDN)
ကိုးကား - AFP