လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၃ ဒီဇင်ဘာ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ (၅/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ချင်းတွင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က အမှာ စကားပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်နေမှုနှင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်မူကြမ်း ပေါ်ပေါက် လာပုံတို့ကို ရှင်းလင်းတင်ပြသည်။ 

 

‌ေ

 

ထို့နောက် လုပ်ငန်းကော်မတီဝင်များက အမျိုးသားအဆင့် လုပ်ငန်းစီမံချက်မူကြမ်းကို  ဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျုးလွန်မှုများ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား အတည်ပြုကြသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ 

(သတင်းစဉ်)