လက်ပံတန်း  ၁၂  ဒီဇင်ဘာ

 

လက်ပံတန်း မြို့မဈေးအတွင်း    အသားငါး၊ အလှကုန်နှင့် စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင် များအား ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှိုင်ဝင်းစိုး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဇော်မင်းထိုက်၊ စည်ပင်သာယာဈေး တာဝန်ခံနှင့် ဝန်ထမ်းများမှ စစ်ဆေးခြင်းနှင့်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

 

စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အသားငါးများသန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ရောင်းချမှုရှိမရှိနှင့် အလှကုန်နှင့်စားသောက်ကုန်ပစ္စည်းများ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ကုန် အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြား၍ စားသုံးသူကာကွယ်ရေး ဥပဒေ သိကောင်းစရာ လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး