လက်ပံတန်း နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို နံနက်ပိုင်းက မြို့မဈေးတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက လိုက်လံဆောင်ရွက်ပေးခဲ့သည်။

အသိပညာပေးဆောင်ရွက်ရာတွင်လက်ပံတန်းမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာ ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန်နှင့် ဟောင်းနွမ်း mask ကို မတပ်ဆင်ကြရန်ပြောကြား၍ နှာခေါင်းစည်းများဖြန့်ဝေကာ mask campaing ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာလျော့နည်းလာသဖြင့် အောက်တိုဘာလ ၂၈ရက်မှစ၍ Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့ပြီး ဖြစ်သော်လည်း ပြည်သူများအနေဖြင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များ ကိုဆက်လက်လိုက်နာ ဆောင်ရွက်သွား ရန်လိုအပ်သည့်အတွက် လူစည်ကားရာ မြို့မဈေးမှာ တစ်ပတ်လျှင်တစ်ကြိမ် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။

မြို့နယ်၊ပြန်/ဆက်