လက်ပံတန်း      မတ်      ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ သီတာကုန်းအုပ်စု ကုလားကြီးလူတော်စု ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး ကုလားကြီးချောင်းကူးတံတား ဖွင်ပွဲကို မတ် ၂၉ ရက်က အဆိုပါ တံတား မုခ်ဦး၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များက ကုလားကြီးချောင်းကူးတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

အဆိုပါ သစ်သားချောင်းကူးတံတားသည် အရှည် ၂၇၂ ပေ၊ အကျယ် ၆ ပေအမြင့် ၂၆ ပေ ရှိပြီး သီတာကုန်းအုပ်စုနှင့် ခမုံဆိပ်အုပ်စု ကျေးရွာချင်းဆက်လမ်းတွင် တည်ရှိကာ အလှူရှင်များ ထည့်ဝင်မှု၊ ဒေသခံပြည်သူများ၏ လုပ်အားပါဝင်မှုတို့ဖြင့် ငွေကျပ် ၃၅၃ သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း တံတားဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းအေးက ပြောပြသည်။

 

မြို့နယ်(ပြန်/ဆက်)