လက်ပံတန်း ဇူလိုင် ၂၁

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက လက်ပံတန်းမြို့၊ ကန်တစ်ရာငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာဆိုင်ရာများနှင့် တွေ့ဆုံရာ မြို့နယ်သမဝါယမဦးစီးဌာန ကန်တစ်ရာငါးမွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးစမ်းကြိုင်နှင့် တာဝန်ရှိသူများက ကန်တစ်ရာငါးမွေးကန် ၃၆၂ ဒသမ ၆၈ ဧကတွင် ငါးမြစ်ချင်း ငါးမျိုးများ မွေးမြူထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဝန်ကြီးချုပ်က ငါးမွေးမြူရေးကန်များကို ကြည့်ရှုစစ်ဆေးပြီး မြက်စားငါးမျိုးစိတ်များ မွေးမြူရေး၊ အသားစားကြက် မွေးမြူရေးနှင့် ကန်ပေါင်များတွင် တစ်သျှူးငှက်ပျောမျိုး စိုက်ပျိုးခြင်းလုပ်ငန်းများ ထိထိရောက်ရောက် တိုးချဲ့လုပ်ဆောင်ကြရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)