လက်ပံတန်း ၁၈ မတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် စာငှား၊ စာဖတ် ပရိသတ်များနှင့် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး ဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ပြန်/ဆက်ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပညာပေး ပြသပေးလျက်ရှိသည်။
အဆိုပါရောဂါနှင့်ပတ်သတ်၍ ကြိုတင်ကာကွယ်ရန် သိထားသင့်သည့် ဆောင်ရန်ရှောင်ရန် အချက်များကို လာရောက်ကြည့်ရှုသူများအား ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ရှင်းလင်းပြောကြား၍ ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် စနစ်တကျ လက်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝင့်နန္ဒာဌေး


