လက်ပံတန်း  ဧပြီ  ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မေထုန်မဲ့(AI) နွားသားစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မှော်အင်းအုပ်စု ကမ်းပျိုကြီး ကျေးရွာမှ  ပိုင်ရှင် ဦးကျော်ကြီး(ခ)ဦးကျော်ကျော်၏ နွားမ(ပြာ-ဝါ)မှ နွားသားပေါက် အမြွာပူး မွေးဖွားခဲ့ကြောင်း သိရသည်။

အဆိုပါ နွားသားစပ်ခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဒုတိယကြီးကြပ်ရေးမှူး ဦးလှိုင်ဝင်းစိုးက ၂၀၂၀ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် အညာနွားကြီးမျိုး(ပြာ-စိမ်း- PZ19 ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ၂၂-၅-၂၀၂၀) မျိုးစပ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် နွားသားပေါက် အထီး အမြွာပူး နှစ်ကောင် မွေးဖွားခဲ့သည်ဟု ပိုင်ရှင် ဦးကျော်ကျော်၏ ပြောပြချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)