လက်ပံတန်း မေ ၁၂

 

ပြည်ထောင်စုအစိုးရအဖွဲ့ ရက်(၁၀၀)စီမံချက်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ပံတန်းမြို့နယ် ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ပံတန်းဘဏ်ခွဲ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ချေးငွေအကြံပေးဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ရာနှုန်းပြည့် ပြေကျေသည့် ရေကန်ကျေးရွာအုပ်စုမှ တောင်သူများအား ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)