လက်ပံတန်း သြဂုတ် ၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဩဂုတ် ၇ ရက် ည ၁၁ နာရီက  မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ဂွေးတောက်ကွင်းအုပ်စုနှင် နဘဲကွင်းအုပ်စုရှိ ကျေးရွာများတွင် အိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် လက်ပံတန်းမြို့နယ် ဂွေးတောက်ကွင်းကျေးရွာအုပ်စုတွင် အိမ် ၁၅ လုံး အမိုးလန် ပျက်စီးခြင်းနှင့် 230kv ပင်မဓာတ်အားပေးတိုင် ပြိုလဲခြင်း၊ နဘဲကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် အိမ်ခြေ ၄၅ လုံး ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ ထိခိုက်ပျက်စီးသည့်ကျေးရွာများသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)