လက်ပံတန်း မေ ၁၄

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်သူအသိပညာ ပေးဆွေးနွေးပွဲကို မေ ၁၂ ရက် နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု၌ ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

ထို့နောက် သဘာဝမြေဩဇာမြေဆွေး (အီးအမ်ဘိုကာရှီ) ထုတ်လုပ်ပုံ အဆင့်ဆင့် လက်‌တွေ့သရုပ်ပြဆောင်ရွက်နေမှုနှင့် ရေကန်ကျေးရွာ အိမ်ထောင်စုတိုင်းတွင် Home Garden စီမံချက်ဖြင့် စားဖိုဆောင်သီးနှံ ဆယ်မျိုးဆယ်ပေါင် စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)