လက်ပံတန်း   ၂၀    ဇန်နဝါရီ  

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တိရစ္ဆာန်မမွေးမြူရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက် တတ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 

8520

 

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မေအိက အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် မွေးမြူရေးသမားများအနေဖြင့် တိရစ္ဆာန်များ ပြည့်ဝကောင်းမွန်သော အာဟာရ ရရှိစေရေး၊ ကြီးထွားနှုန်းကောင်းမွန်ပြီး အသားထွက်နှုန်းကောင်းမွန်စေရေး အာဟာရများကို မည်ကဲ့သို့ ကျွေးမွေးရမည်ကို သိရှိစေရန်နှင့် မွေးမြူရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့ပြီး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သင်တန်းကို  လက်ပံတန်းမြို့နယ်  ကျေးရွာများမှ သင်တန်းသား (၂၀)တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စုဝေလွင်(ပြန်/ဆက်)