လက်ပံတန်း ၆ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၁၉ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၂ရက်မှ ၁၅ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကော်မတီဝင်များက မြို့နယ် အတွင်း ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ရပ်ကွက်(၂)ရပ်ကွက်ကို စာရင်းကောက်ယူရေး အဖွဲ့(၂) ဖွဲ့မှ အဖွဲ့ဝင်(၇)ဦးဖြင့် ဇန်နဝါရီ ၂ရက်မှ စတင် ကောက်ယူလျက် ရှိသည်။
၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို နိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအချက်အလက်များကို အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း( Myanmar Sustainable Development Plan. MSDP)ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများ ရရှိနိုင်ရန်၊ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် တိကျမှန်ကန်သော လူမှုစီးပွား အချက်အလက်များကို ခန့်မှန်းနိုင်ရန် ရည်ရွယ်ပြီး ယခင်ကောက်ယူခဲ့သည့် မေးခွန်းစာရွက် အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည် မဟုတ်ဘဲ Mobile Tablet ကို အသုံးပြုကာ ကွန်ပျူတာ အထောက်အကူပြု တစ်ဦးချင်းက မေးမြန်းကောက်ယူသည့် စနစ်(CAPL) စနစ်ဖြင့် ကောက်ယူခြင်း ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင် ထံမှသိရသည်။
ဝင့်နန္ဒာဌေး