လက်ပံတန်း ၂၄ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဝါးရုံပင်ဇင်းကျေးရွာအုပ်စု ကမ်းနားစုကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းမှ အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပြီး ငွေကျပ်သိန်း (၆၀) အကုန်အကျခံကာ ကမ်းနားစုကျေးရွာ ရွာတွင်းလမ်းနှင့် အောင်စိုးမိုးလမ်းကြီးနှင့် ဆက်သွယ်ထားသော အရှည်ပေ ၄၀ဝ၀၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျေးရွာတွင်းလမ်းနှင့် ဆက်သွယ်ရေးလမ်းအား မြေနီဂဝံလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးခဲ့ရာ အကျိုးပြုကျေးရွာ ၅ ရွာမှ ကျေးလက်နေပြည်သူ ၂၀၁၅ ဦးတို့၏ ဒေသထွက်ကုန်သီးနှံများ သယ်ယူတင်ပို့ ရောင်းချနိုင်ပြီဖြစ်ပြီး သွားလာရေး လွယ်ကူအဆင်ပြေသွားပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဌေးဇော်က ပြောသည်။
လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


