လက်ပံတန်း  ဇူလိုင်  ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဇူလိုင် ၅ ရက်အထိ ပိုးတွေ့လူနာ ၁၀၆ ဦးရှိရာ ဇွန် ၇ ရက်မှ ဇူလိုင် ၅ ရက်အထိ  ကိုဗစ်ပိုးတွေ့ရှိသူ ၉၂၇ ဦးရှိပြီး ပိုးတွေ့နှုန်းမြင့် တက်လျက်ရှိကြောင်း သိရသည်။ 

 

ဇွန် ၇ ရက်မှ ဇူလိုင် ၅ ရက်အထိ ဆေးရုံ ဆင်းခွင့်ရရှိသူ ၃၁၈ ဦး၊ သေဆုံးသူ ၁၃ ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

 

လက်ပံတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင်၍  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြုကော်မတီနှင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

mdn