လက်ပံတန်း၊ ၁၀ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖျားနာ (သံသယ) လူနာတို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် ဇွန် ၇ ရက်က စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါပိုး ၃ ဦးတွေ့ရှိခဲ့ပြီး တစ်ဦးမှာ ဇွန် ၉ ရက် ညပိုင်းက သေဆုံးကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့သူများအား ဆက်လက်စစ်ဆေးရာ ပိုးတွေ့ လူနာ (၃၃)ဦး တွေ့ရှိခဲ့ပြီး ၎င်းအနက်မှ ၂၄ဦးသည် လက်ပံတန်းမြို့ ဘီးလင်းတန်း ရပ်ကွက် ပေါက်ကုန်းသီတာလမ်းတွင် နေထိုင်သူများဖြစ်သဖြင့် အဆိုပါ လမ်းအား အသွားအလာကန့်သတ် (Lockdown )ထားရှိခဲ့သည်။

ယင်းအသွားအလာ ကန့်သတ်ထားရှိသည့် ဧရိယာအတွင်းတွင် အိမ်ထောင်စု (၅၂)စု  လူဦးရေ(၂၂၈)ဦးရှိပြီး အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးနိုင်ရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်၊ပြန် /ဆက်