လက်ပံတန်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြင်ကဝအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ကျွန်းကလေးအုပ်စု၊ ကြို့ချောင်းရွာတို့တွင် ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက သွားရောက်ထောက်ပံ့ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မြင်ကဝအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ကမ်းပြိုဘေးအန္တရာယ်ရှိသည့် ကြိုတင် ပြောင်းရွှေ့နေအိပ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် နှစ်သိန်းနှင့် လူဦးရေ (၁၀)ဦးအတွက် ဆန်(၇) ရက်စာဖိုး ငွေကျပ် ၂၁၀ဝ၀၊ မိုးကြိုးဘေးမှသေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ် သုံးသိန်း၊ ကျွန်းကလေးအုပ်စု၊ ကြို့ချောင်းရွာ မိုးကြိုးဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် ငွေကျပ် ၇၀ဝ၀ဝ ၊ လူဦးရေ(၃)ဦးအတွက် ဆန်(၇)ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၆၃၀ဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)