လက်ပံတန်း   ဒီဇင်ဘာ   ၃

ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မော်တော်ယာဉ်၊ ဆိုင်ကယ် များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်က အာရုဏ်ဈေး၊ လက်ပံတန်း(၁)လမ်းအဝိုင်း၊ ကျွန်းကလေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သတ်မှတ်ဌာနဆိုင်ရာ အဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးဆောင်ရွက်ရာတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များအား တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စီးနင်းအသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်သည်။

မော်တော်ယာဉ်၊ ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရန် စည်းကမ်းချက်များ မော်တော် ယာဉ်၊ ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် ပါရှိရမည်။ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်း ရမည်။ ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊

မော်တော်ယာဉ်၊ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမိုစီးနင်းခြင်း မပြုရ၊ စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ် ပြန်/ဆက်