လက်ပံတန်း  ၁၄   နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် နဘဲကွင်း ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ ဘုန်းကြီးကျောင်း  မီးလောင်ပျက်စီးဆုံးရှုံးမှုအတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မီးဘေးသင့် ဘုန်းတော်ကြီးကျောင်း  ကျောင်းဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ ပေးအပ်ပွဲကို နိုဝင်ဘာလ ၁၄ရက် နံနက် ၁၀နာရီက အဆိုပါ ဘုန်းကြီးကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် ဘုန်းကြီး ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ ၃၀၀၀၀၀ကျပ် (သုံးသိန်း)ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မိုးညိုမြို့နယ်ရုံးမှ ဦးစီးမှုး ဦးမင်းသူမောင်က ပေးအပ်ရာ သာယာကုန်းကျေးရွာဘုန်ကြီးကျောင်း ဆရာတော် ဦးဉာဏိန္ဒ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးဦးကျော်လင်း၊ရွာမိရွာဖ ဦးဝင်းကြိုင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး