လက်ပံတန်း  ၂၉   မေ

    

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မေလ ၂၈ရက် မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

    

အဆိုပါဖြစ်စဉ်ကြောင့် မအူကုန် ရပ်ကွက်ရှိ ဓမ္မာရုံ တစ်လုံး အမိုးလန်ခြင်း၊ ပုတိမ်စုအုပ်စုတွင် နေအိမ် တစ်လုံး အမိုးလန်ခြင်း၊ နတ်စင်ကုန်းအုပ်စုတွင် နေအိမ် နှစ်လုံးအမိုးလန်ခြင်း၊ တာဆုံး ကျေးရွာအုပ်စုတွင် နေအိမ်တစ်လုံး အမိုးလန်ခြင်း၊ ဂုံမင်းကွင်းအုပ်စုတွင် နေအိမ်နှစ်လုံး အမိုးလန်ခြင်း အောင်လံကုန်း အုပ်စုတွင် နေအိမ်တစ်လုံး အမိုးလန်၍ တစ်လုံးပြိုလဲခြင်း၊ ပေါက်တောစု ကျေးရွာအုပ်စုတွင် နေအိမ် ခုနစ်လုံး အမိုးလန်၍ နေအိမ် နှစ်လုံးပြိုလဲခြင်း၊ ယွန်းသွယ်ကျေးရွာအုပ်စုတွင် နေအိမ် (၄၂) လုံး အမိုးလန်၍ နေအိမ် ရှစ်လုံးပြိုလဲခြင်း၊ ရှမ်းစုကျေးရွာ အုပ်စုတွင် နေအိမ် (၁၃) လုံးအမိုးလန်၍ နေအိမ်နှစ်လုံးပြိုလဲခြင်း၊ သာရဝေါ ကျေးရွာအုပ်စုတွင် နေအိမ် (၅၂) လုံး အမိုးလန်၍ နေအိမ် ငါးလုံးပြိုလဲခြင်း၊ လုလင် ကျော်ကျေးအုပ်စုတွင် နေအိမ် သုံးလုံးအမိုးလန်ခြင်း ဗောဓိပင်ကျေးရွာ အုပ်စုတွင် နေအိမ် (၆၂) လုံးအမိုးလန်၍ နေအိမ် ငါးလုံးပြိုလဲခြင်း၊ တော်ကလပ် ကျေးရွာအုပ်စုတွင် နေအိမ် (၂၃) လုံးအမိုး လန်၍ နေအိမ်တစ်လုံး ပြိုလဲခြင်း၊ ဇီးဖြူ ကုန်းကျေးရွာတွင် နေအိမ်နှစ်လုံး အမိုးလန်ခြင်း၊ ရေလျှံ ကျေးရွာအုပ်စုတွင် နေအိမ်ကိုးလုံးအမိုးလန်၍ နေအိမ် နှစ်လုံးပြိုလဲခြင်း၊ သီတာကုန်း ကျေးရွာ အုပ်စုတွင် နေအိမ်လေးလုံး အမိုးလန်ခြင်း၊ စိန်တုံးကျေးရွာအုပ်စုတွင် နေအိမ် (၂၅)လုံးအမိုးလန်၍ နေအိမ် သုံးလုံးပြိုလဲခြင်း၊ မြင်ကဝကျေး ရွာအုပ်စုတွင် နေအိမ်တစ်လုံးအမိုးလန်၍ ရေကြည်ကျေးရွာအုပ်စုတွင် နေအိမ် (၁၁၈) လုံး အမိုးလန်၍ နေအိမ်(၁၅) လုံး ပြိုလဲခြင်း၊ စုစုပေါင်းကျေးရွာအုပ်စု (၁၈) အုပ်စုတွင် နေအိမ် (၃၆၈) လုံး အမိုးလန်၍ နေအိမ် (၄၄) လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သော လေဘေးသင့်နေအိမ်များနှင့် အဆောက်အအုံများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ပျက်စီးနေအိမ်များမှ လူများအားနီးစပ်ရာ နေအိမ်များတွင် နေရာချထားပေးခဲ့ကြသည်။ လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိ ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ဝင့်နန္ဒာဌေး