လက်ပံတန်း ၄ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ငါးမျိုးစပ် ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၄ရက်နေ့ နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံ ဇီဝကခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးရခြင်းနှင့် ငါးမျိုးစပ်ကာကွယ်ဆေး စတုတ္ထအကြိမ် ထပ်ဆောင်း ဆေးတိုက်ကျွေးရခြင်း ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားခဲ့ပြီး အသက်(၅)နှစ်အောက် ကလေးများတွင် ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်စေသော အဓိက အကြောင်းရင်းမှာ ရိုတာဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်ပြီး၊ တစ်နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပါက ရေဓာတ်ခန်းခြောက်ကာ အသက် ဆုံးရှုံးနိုင်သောကြောင့် အသက်(၂ လ)မှ(၄ လ)အရွယ် ကလေးများအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် ထည့်သွင်းတိုက်ကျွေးခြင်းကို နိုင်ငံတစ်ဝန်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် လက်ပံတန်းမြို့နယ်အတွင်း ယခုလတွင် ကလေး ၄၁ ဦးအား တိုက်ကျွေးပေးခဲ့ပြီး ကလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရှိရသည်။
ဝင့်နန္ဒာဌေး