လက်ပံတန်း ၁၅ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆို ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက် နံနက်၉နာရီတွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
ထိုကဗျာရွတ်ဆို ပြိုင်ပွဲကို လူမှုဝန်ထမ်းဦးစီးဌာန လက်ပံတန်း မူလတန်းကြိုကျောင်းမှ အာဇာနည်နေ့ အထိမ်းအမှတ် "၁၉ဇူလိုင်"၊ "(၉)ဦးအာဇာနည်၊" ဇူလိုင်အလွမ်း"၊ "အာရုဏ်ဦးက ကြယ်နီပြာ"၊ ကဗျာများဖြင့် ကျောင်းသားကျောင်းသူ (၂၀) ဦးမှ ပါဝင်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


