လက်ပံတန်း ဒီဇင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အိုမီခွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကာကွယ်ရေး နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အာရုဏ်ဈေး၊ မြို့မဈေးနှင့်  (၁) လမ်းအဝိုင်းတို့ ၌ ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ (Mask) စနတ်တကျ တပ်ဆင်စေရေး အသိပညာပေး၍ နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မိဘပြည်သူများအနေဖြင့် အိုမီခွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကာကွယ်ပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါရပ်တန့်ဖို့ ရောဂါကာကွယ်ရေး နည်းလမ်းများကို အားလုံးဆက်လက်လိုက်နာလို့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)