လက်ပံတန်း ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း(၁/၂၀၂၃)ကို ဝါးရုံပင်ဇင်းကျေးရွာအုပ်စု ရုံးပင်တန်းကျေးရွာတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ် သမဝါယမဦးစီးဌာနတို့မှ ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့ စိုက်ပျိုး နိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နှစ်ရှည်သီးပင်များ ကိုင်းကူးဆက်နည်း၊ ကိုင်းပင်စည်မြေးစည်းကပ်နည်း၊ တမာပိုးသတ်ဆေး၊ ငြုပ်ပိုးသတ်ဆေး၊ ဒုတ္ထာနှင့်ထုံးပိုးသတ်ဆေး၊ ကြက်သွန်ဖြူ ပိုးသတ်ဆေး ပေါင်းသတ်ဆေး ဖျော်စပ်နည်းများ၊ နေဗီယာမြက် စိုက်ပျိုးနည်းများကို ဒေသခံတောင်သူများသို့ လက်တွေ့သရုပ်ပြဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်