လက်ပံတန်း၁၃ ဇွန်    

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆွေဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဆင့်က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ ကလေးသူငယ်အခန်းကဏ္ဍများနှင့် ကလေးသူငယ်ဥပဒေအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုလှိုင်တိုးမှ ကော်မတီမှ ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ လက်ပံတန်းမြို့နယ်အတွင်း ဆောင်ရွက်မည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များမှ အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN